Main menu

တောင်ငူခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ (၁၁.၉.၂၀၂၅) ရက်နေ့ နံနက် ၁၁နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးအခမ်းအနား ကျင်းပခဲ့ပါသည်။

    ဟောပြောပွဲအခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး  ဦးဟန်ထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ ထုတ်ကုန်များ အပေါ်၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နေ့လယ်  ၁၂ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ စက်မှုလက်မှုသိပ္ပံကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း အင်အား ၈၅ ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)