Main menu

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး  ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)