
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားအား စားသုံးသူရေးရာ ဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊အိုဇုန်းလွှာများ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ Video Clip များပြသခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား (၁၁း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)