Main menu

တောင်ကိုရီးယားနိုင်ငံ၌ ယခုလ ပထမ ရက်၂၀ အတွင်း ပို့ကုန် တိုးတက်မှုရှိလာ

Powered by Drupal

    တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်သည် ယခုလ ပထမ ရက် ၂၀ အတွင်း ဂဏန်းနှစ်လုံးတိုး လာကြောင်း အကောက်ခွန်ရုံးက ယနေ့တွင် အချက်အလက်ဖော်ပြထားသည်။

    စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပသို့ တင်ပို့မှုသည်  ယခင်နှစ်ကထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်ဟု ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှု၏ပြောကြားချက်အရ သိရသည်။

   တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ စက်ယန္တရားများ၊ သဘာဝဓာတ်ငွေ့နှင့် မိုဘိုင်းလ်စက်ပစ္စည်းများအတွက် တင်သွင်းမှုသည် ဂဏန်းနှစ်လုံး မြင့်တက်ခဲ့သော်လည်း ရေနံစိမ်း၊ ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်များအတွက် ထိုကာလတွင် လျော့ကျသွားခဲ့သည်။

Source:ဆင်ဟွာ                                                                

DOCA(ပြည်ထောင်စုနယ်မြေ)