Main menu

မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးဟောပြောခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် လျက်ရှိပါသည်။ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေမှ (၁၁-၉-၂၀၂၅) ရက်နေ့တွင် အောင်မြေသာစံ မြို့နယ်၊  အ.ထ.က(၃၇) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဦးတင်ချစ်ကောင်းမှ (၁၂-၉-၂၀၂၅) ရက်နေ့တွင် အောင်မြေသာစံမြို့နယ် (အ.ထ.က (ခွဲ) - ၁၄ ) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ် အသားများ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်းနှင့် Consumer Call Center (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)