Main menu

“ ရမည်းသင်းခရိုင် ငရုတ်စျေးကွက်အခြေအနေ”

Powered by Drupal

          ရမည်းသင်းခရိုင်တွင် ငရုတ်ကို ငရုတ်ခြောက်အတွက် မိုးစိုက်အနေနှင့် နှစ်စဉ်စိုက်ပျိုးကာ စိုက် ဧက (၆) သောင်းရှိပါသည်။ ငရုတ်ကို ခရိုင်အတွင်း ရမည်းသင်းမြို့နယ်တွင် ပိုမိုစိုက်ပျိုးပါသည်။ နှစ်စဉ် ငရုတ်ကို ငရုတ်ခြောက်စျေးကွက်အတွက်သာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်ငရုတ်စိုမှာ ပင်စျေးကောင်း ရရှိသဖြင့် ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။

          ငရုတ်စျေးမှာ ယခုနှစ်တွင် မိုး ငရုတ်မပေါ်မီက ငရုတ်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀ိ/-) ကျော်ရှိသဖြင့် စားသုံးသူများမှာ စျေးနှုန်းသက်သာသည့် ငရုတ်အစိုကိုပါ စားသုံးခြင်းကြောင့် စျေးကွက်ရှိလာပါသည်။ ယခု နှစ်တွင် ငရုတ်အစိုမှာ ဒေသတွင်းစျေးကွက်သာမက မြဝတီ နယ်စပ်မှ အဝယ်လိုက်ခြင်းကြောင့် လက်ရှိ ပေါက်စျေးမှာ ငရုတ်စို (အမှည့်) တစ်ပိဿာလျှင် (၅၀၀၀ိ/-၅၅၀၀ိ/-) စျေးရှိပြီး ငရုတ်ခြောက်မှာလည်း တောင်သူရောင်းစျေး တစ်ပိဿာလျှင် (၁၆၅၀၀ိ/-၁၇၀၀၀ိ/-) စျေးရှိ ပါသည်။

          ရမည်းသင်းစျေးကွက်အနေနှင့် ငရုတ်စိုကို တရုတ်တင်ပို့မှုနည်းပြီး ရန်ကုန်၊ မြဝတီနယ်များသို့ တင်ပို့မှုရှိရာ ယခုရက်ပိုင်း မြဝတီသို့ အများဆုံးတင်ပို့ပြီး မြဝတီသို့ တစ်ပတ်အတွင်း (၁၂)ဘီးကား (၃) စီး တင်ပို့ခဲ့ကြောင်းသိရသည်။ ငရုတ်ခြောက်မှာ ပြည်တွင်းစျေးကွက်အတွင်း၌ပင် အရောင်းသွက် ကြောင်း သိရသည်။

DOCA(မန္တလေး)