
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ထောပတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ် သည့် စျေးနှုန်းများမှာ ထောပတ်သီး ၁လုံးလျှင် အလုံး(ကြီး) ၁၅၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊ ဟက်စ် (Hass) မျိုးမှာ Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်တို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးအလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဝါတွင်း ကာလဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ မိုးရာသီ သစ်သီးမျိူးစုံစျေးကွက်တွင် ထောပတ်သီးမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)