Main menu

“ ကြက်သွန်နီနယ်ဝေးတင်ပို့မှုနည်း ”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစျေးကွက်တွင် ယခင်အပတ်က အရောင်းအဝယ်အေးခဲ့သော ကြက်သွန်နီမှာ ယခုတစ်ပတ် မြဝတီ၊ ပဲခူးတို့မှာအဝယ်ရှိ‌လာခြင်းကြောင့် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း၊ အဝယ်ရှိလာသော်လည်း တင်ပို့မှုမရှိဘဲ အရောင်းအဝယ်သာတည့်ကြောင်း သိရှိရပါသည်၊၊ ကြက်သွန်နီစျေးမှာလည်း ယခင်တစ်ပတ်က ရောင်းစျေး တစ်ပိဿာ ၂၆၀၀ိ/- ၂၈၀၀ိ/- ရှိခဲ့ရာမှ ယခု ၃၀၀၀ိ/- ရှိ ကြောင်း စျေးကွက်မှသိရသည်။ ယခုအခါ ကြက်သွန်နီအဟောင်း လက်ကျန်မှာ နည်းလာပြီး မိုးကြက်သွန်နီ စိုက်သောဒေသများ၌ စိုက်ပျိုးရန်ပြင်ဆင်နေကြပါသည်။ မိတ္ထီလာခရိုင်အနေနှင့် မိုးကြက်သွန်နီကို မလှိုင်မြို့နယ်တွင်သာ အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။

DOCA(မန္တလေး)