
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရို်ငဦးစီးမှူး ရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ မုံရွာမြို့၊ အလယ်ရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သောက်ရေသန့်အမျိုးမျိုး ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို၊ အလယ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော သောက်ရေသန့်အမျိုးမျိုး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြော ကြားခဲ့ပြီး လက်ကမ်း စာစောင် များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)