
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မုံရွာရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ တောင်သူများဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များသို့ ပြည်ရောင်းချမှုများ မရှိစေရေးကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းဆောင်ရွက်ရာတွင် တောင်သူများ ဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များ တွင် ပြန်လည်ရောင်းချခြင်းများ ရှိ/မရှိ၊ မြေဩဇာဈေးနှုန်းများနှင့်ပတ်သတ်၍ ဈေးနှုန်းများ မှန်ကန်မှုရှိ/မရှိ၊ တောင်သူ များဝယ်ယူပြီးသော သွင်းအားစုများသည် မိမိတို့ အသုံးပြုရန် အတွက် သာဖြစ်သည့်အတွက် ပြန်လည်ရောင်းချခြင်းများ မရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)