Main menu

မကွေးမြို့ပေါ်ရှိ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

            မကွေးမြို့ပေါ်တွင် စက်တင်ဘာလ(၁၅)ရက်နှင့်(၂၆)ရက်နေ့အတွင်း ဖြစ်ပေါ်လျက်ရှိသော ဆန်အမျိုးအစားအချို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ (၂၆.၉.၂၀၂၂) နေ့တွင် မနော်(ရခိုင်) (၂၄)ပြည် တစ်အိတ်လျှင် (၄၅၀၀၀-၄၆၅၀၀)ကျပ် ၊ ဧရာပဒေသာ(ပွင့်ဖြူ) (၂၄)ပြည် တစ်အိတ်လျှင် (၆၂၀၀၀-၆၈၀၀၀)ကျပ်၊  မနောသုခ (မြောင်းမြ) (၁၀၅)ပေါင် တစ်အိတ် လျှင် (၄၅၀၀၀-၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ (မြောင်းမြ) (၁၀၅)ပေါင် တစ်အိတ်လျှင် (၅၃၀၀၀-၅၈၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး (ရခိုင်) (၁၀၈)ပေါင် တစ်အိတ်လျှင် (၆၃၀၀၀-၆၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ဖန်သီး(၁၀၅)ပေါင် တစ်အိတ်လျှင်(၁၅.၉.၂၀၂၂)နေ့တွင် (၅၀၀၀၀-၅၂၅၀၀)ကျပ် (၂၆.၉.၂၀၂၂) နေ့တွင် (၄၈၀၀၀-၅၀၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀-၂၅၀၀)ကျပ်ဈေးလျော့၊ သီးထပ်(မြောင်းမြ)(၁၀၅)ပေါင် တစ်အိတ်လျှင် (၁၅.၉.၂၀၂၂)နေ့တွင် (၄၅၀၀၀-၄၇၀၀၀)ကျပ် (၂၆.၉.၂၀၂၂)နေ့တွင် (၄၄၀၀၀-၄၅၅၀၀)ကျပ်ဖြစ်၍ (၁၀၀၀-၁၅၀၀)ကျပ်ဈေးလျော့၊ ပေါ်ဆန်းမွှေး(မြောင်းမြ)(၁၀၈)ပေါင် တစ်အိတ် လျှင် (၁၅.၉.၂၀၂၂)နေ့တွင် (၆၈၀၀၀-၇၀၀၀၀)ကျပ် (၂၆.၉.၂၀၂၂)နေ့တွင် (၆၅၀၀၀-၇၀၀၀၀)ကျပ် ဖြစ်၍ (၃၀၀၀)ကျပ်ဈေးလျော့၊ ပေါ်ဆန်းမွှေး(ရွှေဘို)(၁၀၈)ပေါင် တစ်အိတ်လျှင် (၁၅.၉.၂၀၂၂) နေ့တွင် (၉၀၀၀၀-၉၅၀၀၀)ကျပ် (၂၆.၉.၂၀၂၂)နေ့တွင် (၈၈၀၀၀-၉၅၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ် ဈေးလျော့လျက်ရှိပြီး ဆန်သစ်များဈေးကွက်အတွင်း ဝင်ရောက်လာသောကြောင့် ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(မကွေး)