Main menu

ပခုက္ကူမြို့တွင် စက်တင်ဘာလ(တတိယ)ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မြေပဲဈေးကွက် အခြေအနေ

Powered by Drupal

            ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုအချိန်တွင် မြေပဲ(တောင့်/အဆံ)ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိသည်။ ဈေးကွက်အတွင်းသို့ ဇွန်လ မိုးဦးစိုက်မြေပဲများ တူးဖော်ပြီး သီးနှံပေါ်ပြီးစ အချိန်တွင် ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်၍ မြေပဲ(အသစ်)များ နေ့စဉ် ဝင်ရောက်  အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာ များနှင့် ညောင်ဦးမြို့နယ်ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ စက်တင်ဘာ(တတိယ)ပတ်အတွင်း (၁)ရက်လျှင် မြေပဲတောင့် (၂/၃)တင်းဝင်အိတ် (၃၀၀) ခန့် (၁)ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း (၁)ရက်လျှင် (၂၅)ပိဿာ ဝင်ဆန့် အိတ်(၅၀၀)၊ (၁)ပတ်အတွင်း အိတ်(၃၅၀၀)၊ ပိဿာ(၉၀၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ မြေပဲ တောင့် အသေး/အကြီး၊ မြေပဲဆံ ဆီဆံ/လုံးဆံ(အဖြူ/အနီ) အမျိုးမျိုးဝင်ရောက်လျက်ရှိကြောင်း၊ ပစ္စည်း အရည်အသွေး၊ အစို/အခြောက်(သန့်/မသန့်)အပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လကုန် စက်တင်ဘာလဆန်းမှ စတင်၍ ဈေးကွက်အေးလျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် မြေပဲအဆံအတောင့်မှာ သီးနှံအရည်အသွေးလိုက်၍ မတူညီ ကြောင်း၊ မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ယခု(၁)ပတ်အတွင်းတွင်(၃၅၀၀ ကျပ် မှ ၂၂၀၀ ကျပ် ထိ) အရောင်းအဝယ်ဖြစ်ပြီး ယခင်(၁)ပတ်အတွင်းတွင် မြေပဲတောင့်(အခြောက်)(၁)ပိဿာ လျှင် (၄၀၀၀ ကျပ် မှ ၂၇၀၀ ကျပ် ထိ) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု(၁)ပတ် အတွင်း မြေပဲဆံ(၁)ပိဿာလျှင် လုံးဆံ(ရှယ်)(၆၅၀၀)ကျပ်၊ လုံးဆံ(ရိုးရိုး)(၆၁၀၀/၆၀၀၀)ကျပ်၊ ဆီဆံ(၅၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(၁)ပတ်အတွင်းဈေးနှုန်းမှာ မြေပဲဆံ (ရှယ်)(၁)ပိဿာ(၇၀၀၀)ကျပ်၊ လုံးဆံ (၆၅၀၀)ကျပ်၊ ဆီဆံ(၆၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်(၁)ပတ်ထက် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေး ပဲခွဲစက် လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မြေပဲဆံ(လုံးဆံ/ဆီဆံ) များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပြည်တွင်း  သာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးကြောင်း၊ ယခု စက်တင်ဘာ(တတိယ)ပတ် အတွင်းတွင် မြေပဲဈေးကွက်ငြိမ်၍ ပြည်ပတင်ပို့မှု မရှိကြောင်း၊ ပခုက္ကူ မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေး လုပ်ငန်းရှင်မှ တစ်ဆင့်သိရှိရသည်။

DOCA(မကွေး)