စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ရှမ်း)၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ နနွင်း၊ အာလူး၊ ချင်း၊ ငရုတ်ခြောက်အရှည်တို့ဖြစ်ကြသည်။ စက်တင်ဘာလ တတိယပတ်(၁၇.၉.၂၀၂၅)ရက်နေ့တွင် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၈၅၀၀)ကျပ်၊နနွင်းတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊အာလူးတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ချင်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ငရုပ်ခြောက်အရှည်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်တို့ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)