Main menu

စက်တင်ဘာလအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံနှင့် ပဲကြီးသီးနှံများသာ အရောင်းအဝယ်ပြုလုပ်ကြပြီး ကျန်သီးနှံများဖြစ်သည့် ပဲလွန်းဖြူ ၊ ပဲလွန်းနီ ၊  ပဲတီစိမ်းဆီပြောင် ၊ ပဲပုတ် ၊ ဘိုကိတ် နှင့် ပဲတီစိမ်းအနီ သီးနှံများမှာ အရောင်းအဝယ်အေးပြီးပစ္စည်း လက်ကျန်နည်းပါးလာကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို ( ၉၅၀၀ဝိ/-)၊ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၈၅၀ဝိ/-)၊ ပဲကြီးပိဿာ(၂၀)တစ်တင်းကို (၁၀၀၀၀ဝိ/-)နှင့် အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၁၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲကြီးသီးနှံဈေးသာ တစ်တင်းကို(၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိ ဈေးအနည်းငယ်မြင့်လာပြီး မတ်ပဲ ၊ ပဲယင်းနီနှင့် အစေ့ထုတ်ပြောင်းသီးနှံဈေးမှာတစ်တင်း  ကို (၁၀၀ဝိ/မှ ၁၅၀ဝိ )ကျပ်ထိ ဈေးကျဆင်းလာကြောင်းသိရှိရပါသည်။မတ်ပဲသီးနှံမှာ တစ်ရက်လျင် (၁၀၀၀အိတ် မှ ၁၅၀၀အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။အစေ့ထုတ်ပြောင်းသီးနှံ မှာတစ်ရက်လျင် ( ၅၀၀အိတ်မှ ၁၀၀၀အိတ် )ထိအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။သီးနှံ လက်ကျန်များလည်း နည်းပါးလာပြီဖြစ်၍ ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာတစ်ပတ် အတွင်း ပျမ်းမျှအိတ်ရေ (၈၀၀၀)ခန့် တင်ပို့နိုင်ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)