Main menu

ကြံခင်းမြို့နယ်၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ကြက်သွန်နီသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်စားသုံးကြသော မီးဖိုချောင်သုံး အခြေခံ စားသောက်ကုန်တစ်မျိုးဖြစ်ပြီး၊ မြန်မာလူမျိုးအများစုအနေဖြင့် ဟင်းအနှစ်လုပ်ခြင်း၊ အသုပ်မျိုးစုံ အတွက် ဆီချက်ချက်ခြင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ် စားသုံးခြင်းဖြင့် အသုံး များ ကြောင်းသိရှိရပါသည်။

          စားသုံးသူများ နေ့စဉ် ဝယ်ယူအသုံးပြုနေသော ကြက်သွန်နီများကို ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့မှတဆင့် ကြံခင်းမြို့နယ်ရှိလက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ကြံခင်းမြို့နယ်လက် လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ကြံခင်းမြို့မဈေးတွင် ကြက်သွန်နီ အလတ်စလက်လီဈေး တစ်ပိဿာလျှင် ၁၈၀၀/- ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ အကြီး တစ်ပိဿာလျှင် ၂၂၀၀/-ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကြက်သွန်နီအသစ်များ ဝင်ရောက်ခြင်းကြောင့် ဈေးနှုန်းကျ ဆင်းလျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်၊ ကုန်စုံအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)