
ကကတက်ငါးကို မြိတ်မြို့တွင် ရေငန်မှဖမမ်းဆီးရမိသလို ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးရန် အတွက် စီပွားဖြစ်မွေးမြူကြပြီး ရေချို၊ ရေငန်၊ နှင့် ရေချိုရေငန်အစပ်များတွင် မြေကန်များ၊ ချောင်းများနှင့် ပင်လယ်များတွင် ဖောင်လှောင်အိမ်များဖြင့်လည်းမွေးမြူကြပါသည်။ ၎င်းကက တက်ငါးများကို ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိကြပါသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ စျေးနှုန်းစုံစမ်းချက်အရ ကကတက်ငါး တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ခန့် စျေးရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
