
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံသည် (၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း(လည်ပေါ်)ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆောင်ပုဒ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က လူငယ်စကားဝိုင်းအား ကျောင်းသား/ ကျောင်းသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)