Main menu

မိတ္ထီလာမြို့ဖောင်တော်ဦးဘုရားပွဲရှိကရေကရာမုန့်

Powered by Drupal

     မိတ္ထီလာမြို့၊ ဖောင်တော်ဦးဘုရားပွဲတော်၌ ဗမာမုန့်ကရေကရာမှာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။မိတ္ထီလာမြို့၏ တန်ခိုးကြီးဖောင်တော်ဦးဘုရားမှာ မြောက်ကန်ထိပ်ဖောင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပြီး နှစ်စဉ်တော်သလင်းလဆန်းမှစ၍ လပြည့်ကျော်သည်အထိ ဘုရားပွဲကျင်းပလေ့ ရှိပါသည်။ဖောင်တော်ဦးဘုရားပွဲ၌ လပြည့်နေ့ဆွမ်းလောင်းပွဲနှင့်အတူ မိတ္ထီလာကန်အတွင်း လှေပြိုင်ပွဲ ကိုလည်း ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း ဘုရားပွဲလာ ပြည်သူများနှင့် စည်ကားလျှက်ရှိပြီး ပွဲဈေးတန်း အတွင်းရောင်းချနေသော လူသုံးကုန်၊ စားသောက်ကုန်များအနက် ဗမာကရေကရာ မှာလည်း အရောင်းသွက် လျက်ရှိပါသည်။ ဗမာမုန့်ကရေကရာမှာ ကောက်ညှင်းမုန့်ကို ထန်းလျှက်၊ သကြားတို့ဖြင့် ပြုလုပ်ကာ ဆန်မှုန့်နှင့် နယ်ထားသည့်အတွက် ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးနည်းသော ဗမာမုန့်တစ်မျိုး ဖြစ်ပါသည်။ ဖောင်တော်ဦးဘုရားပွဲတွင် ဘုရားဖူး၊ဈေးပွဲ လာပြည်သူများက အိမ်အပြန်လက်ဆောင် အနေဖြင့် ဝယ်ယူကြရာ (၂၅)သားလျှင် (၇၀၀၀)ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)