Main menu

ရမည်းသင်းမြို့နယ်တွင် စားသောက်ကုန်များအား သက်သာသောဈေးနှုန်းမျာဖြင့် ပြည်သူများအားရောင်းချပေးလျက်ရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅) ရက်၊ နံနက်(၀၈း၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရမည်းသင်းမြို့နယ်၊သီလဝါခန်းမရှေ့တွင် အပတ်စဉ်(ဗုဒ္ဓဟူး)နေ့တိုင်း ဆန်၊ စားအုန်းဆီ၊ အသား၊ငါးနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေး လျက်ရှိပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ဆန်(သုခရှယ်)တစ်ပြည်(၃၀၀၀)ကျပ်၊ စားအုန်းဆီ(၅၀)ကျပ်သားတစ်ဘူးလျှင် (၃၉၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်နှင့် ကြက်ဥတစ်လုံး လျှင်(၄၅၀)ကျပ်ဖြင့် အစရှိသောဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)