Main menu

ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာအတွင်း စားအုန်းဆီများ ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာတွင် (၂၀.၉.၂၀၂၅) ရက်နေ့၌ Kaung Hlyan New Asia ကုမ္ပဏီမှ ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို  လက်လီကိုယ်စားလှယ်များထံသို့ မျှတစွာ ခွဲတမ်းချပေး၍ လက်လီကိုယ်စားလှယ်များမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ကျေးရွာနေစားသုံးသူပြည်သူများအား ပွင့်လင်းမြင်သာစွာ ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းတို့ ဖော်ပြထားသည့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးနေမှုအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်တာဝန်ရှိသူများသည် သတ်မှတ်ရည်ညွှန်းစျေး၊ အလေးချိန်၊ ခွဲတမ်းရပိဿာချိန် ပြည့်ဝစွာရောင်းချမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးခဲ့ပါသည်။ ကျေးရွာနေ စားသုံးသူပြည်သူများမှ ယခုကဲ့သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာ အဆင်ပြေနေကြောင်း၊ အလေးချိန်ပြည့်ဝ၍ အရည်အသွေးကောင်းသဖြင့် စီစဉ်ဆောင်ရွက်ပေး သူတာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ကြောင်းတို့ကို ကြားသိခဲ့ရကြောင်း သတင်းရရှိ ပါသည်။

DOCA (မွန်)