Main menu

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချပေး

Powered by Drupal

   ၂၃.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ် (၁)နှင့် ဘဏ်(၂)၌ ပင်စင်လစာ လာရောက်ထုတ်ယူ ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

    ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီ တစ်ပိဿာ (ဗူးခွံပါ) (၈၀၃၆) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာစီဖြင့် စားအုန်းဆီ (၈၈၀) ပိဿာ၊ ကြက်သွန်နီ (၁၀၀၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)