Main menu

ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၅)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံ ဆိုင်များတွင် ရောင်းချလျက်ရှိသော အရံသင့် အစားအစာများအား သွားရောက်စစ်ဆေးခဲ့ပါသည်။ ရောင်းချသည့် ဆိုင်ရှင်များအား မိမိတို့ရောင်းချသည့် အရံသင့်အစားအစာများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသား (၈)ချက် ပြည့်စုံစွာပါရှိရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော သက်တမ်းလွန်ပစ္စည်းများ၊ သန့်ရှင်းလတ်ဆတ်မှုမရှိသော ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန်နှင့် စားသုံးသူ အခွင့်အရေး (၈)ချက်၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)