Main menu

ပြည်မြို့ရှိနှမ်းဈေးကွက်တွင် ဈေးအနည်းမြင့်တက်လာ

Powered by Drupal

    ပြည်နှမ်းဈေးကွက်တွင် ယခုအချိန်တွင်ပြည်မြို့နယ်အနေဖြင့် နှမ်းများကုန် သလောက်နဲ သွားပြီး အခြားမြို့နယ်များမှဝင်ရောက်လာသော နှမ်းများဖြင့်သာ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ရောက်ရှိလာသော နှမ်းနီကို မြို့တွင်းဆီစက်သမားများက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၅၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ထိုအတူ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေးဝယ်လက်နှင့် အောင်လံ ဝယ်လက်များက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခုအပတ်ဖြစ်သော စက်တင်ဘာလ တတိယပတ်တွင် နှမ်းနီ(၁)တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက် (၁)တင်းလျှင် ၂၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၁)တင်းလျှင် (၂၃၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက် ရှိပါသည်။ ယခင်အပတ်ကဈေးနှင့်းနှိုင်းယှဉ်လျှင် နှမ်းနီဈေးမှာ ဈေးငြိမ်နေပြီး၊ နှမ်းနက်နှင့် စမုံနက် ဈေးများသာ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)