Main menu

ပြည်မြို့ရှိဈေးကွက်များသို့ လာရောက်ရောင်းချသည့် ဩဇာသီးဈေးနှုန်း

Powered by Drupal

        ပြည်ဈေးကွက်သို့ ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်ရှိ ရွှေဘုံသာကျေးရွာဘက်နှင့် မှော်ဇာကျေးရွာတို့မှ လာရောက်ရောင်းချကြပါသည်။ ဈေးများအတွင်း လာရောက်ရောင်းချကြသလို ရပ်ကွက်များ အတွင်းသို့ ခေါင်းရွက်များဖြင့် လှည့်လည် ရောင်းချကြပါသည်။ ဩဇာသီးသည်ရာသီပေါ် အစားအစာဖြစ်သည့်အတွက် လူအများစုမှာ အလွန်ကြိုက် နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဩဇာသီးပေါ်ချိန်တွင် အလုံးပေါင်း (အကြီး/အသေး) (၅၀၀)ကျော်ခူးဆွတ်ရရှိကြောင်း ခန့်မှန်းသိရှိရပါသည်။ ဩဇာပင် (၂၀၀)တွင် တစ်ခါခူးဆွတ်လျှင် အလုံးပေါင်း(၅၀) မှ(၇၀)အကြား ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ရင့်မှည့်လာသောအသီးများကို (၁)လသာသာ အထိခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ ဩဇာသီးဈေးနှုန်းများမှာ ပေါ်ခါစ အချိန်တွင် အလုံးချောလျှင် တစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချပြီး ဩဇာသီးအထွက် လှိုင် ချိန်တွင် အလုံးအကြီး/အသေးပေါ်မူတည်၍လည်း တစ်လုံးလျှင် ၃၀၀ကျပ်မှ ၂၀၀ကျပ်အထိ ရောင်းချကြောင်းသိရပါသည်။ ယခုအချိန် ဩဇာသီးတုံးချိန်တွင် အလုံး(အကြီး) တစ်လုံးလျှင် (၈၀၀)ကျပ်၊ အလုံး(အလတ်)တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)