
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၁၉.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် လမ်းမတော်လမ်းရှိ (g@g) Mini Mart ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ စားသုံး/ ထုတ်လုံ တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်း သော သတင်း အချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ် မှုရှိ စေရန် အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစား အလိုက် သတ်မှတ် ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)