Main menu

နတ်တလင်းခရိုင်တွင်အွန်လိုင်းဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဲးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် မည်သူမဆို မှတ်ပုံတင် လက်မှတ် မှတ်ပုံတင်စနစ်အား သတ်မှတ်သော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း (Online)စနစ်ဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရန်နှင့် အွန်လိုင်းမှတဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ Talk Show အသိပညာပေး ဆွေးနွေးခြင်းကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စက်တင်ဘာလ တတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း အားသာချက်၊ အားနည်းချက် လိမ်လည်မှုပုံစံများအကြောင်း အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်အလက်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုအကြောင်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်း တိုင်းကြားနိုင်သည့်နေရာများ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများ အကြောင်းကို စားသုံးသူပြည်သူများသိရှိနိုင်စေရန်  Talk Show အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

 

DOCA(ပဲခူး)