Main menu

နတ်တလင်းမြို့နယ်ဒေသထွက်ပိန်းဥများလှိုင်လှိုင်ထွက်ရှိ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ သရက်တစ်ပင် ကျေးရွာများတွင်၂၀၂၅ခု စက်တင်ဘာလမှစ၍ ပိန်းဥများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပြီး  စက်တင်ဘာလ တတိယပတ်တွင် ပိန်းဥ (အလုံးကြီး) တစ်ပိဿာ လက်လီ (၄၀၀၀)ကျပ် ၊ လက်ကား (၃၀၀၀)ကျပ် ၊ပိန်းဥသားတက် တစ်ပိဿာ လက်လီ (၃၀၀၀)ကျပ်၊ လက်ကား (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ် လျက်ရှိရာ ယခင်နှစ်ကထက် ဈေးပိုမိုရရှိကြောင်းသိရပါသည်။

    ပိန်းဥကို ဇူလှိုင်လဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ ပထမပတ်တွင် စတင် တူးဖော်ကြပါသည်။ပိန်းဥများ စိုက်ပျိုးရန်အတွက် မျိုးကိုယခင်နှစ်က တူးဖော်ထားရှိသော သားတက် များကို မျိုးအဖြစ်ပြန်လည် အသုံးပြုပါကြောင်း၊ ပိန်းဥတစ်ကျိုးစိုက်ပျိုးရာတွင် (မျိုး၊ မြေပြုပြင်ခ၊စိုက်ခ၊ ပေါင်းမြက် ရှင်းခ၊ဓာတ်မြေဩဇာဘိုး၊တူးဖော်ခ၊နွှာခ) စုစုပေါင်းကုန်ကျစရိတ် (၄၀၀၀၀၀)ကျပ်ခန့် ကုန်ကျပါကြောင်း၊ တစ်ကျိုး လျှင် ပိန်းဥ အကြီးပိဿာ (၃၁၀) ခန့်နှင့် သားတက်ပိဿာ (၃၀)ခန့် ထွက်ရှိပါကြောင်း၊ ထွက်ရှိလာသော ပိန်းဥများကို ဒေသတွင်း မြို့နယ်များတွင် ရောင်းချရန်နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချရန် ကုန်သည်များမှ အိမ်အရောက် ဝယ်ယူမှုများရှိကြောင်း ပိန်းစိုက်တောင်သူများထံမှသိရှိသည်။

DOCA(ပဲခူး)