
ပဲခူးတိုင်းဒေသကြီးဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံ ဆွေးနွေးပွဲကို (၁၅.၉.၂၀၂၅)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းဥက္ကဌနှင့် ကော်မတီဝင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများ စပါးပေါ်ချိန်တွင် စျေးနှုန်းသင့်တင့်မျှတစွာ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်ပြီးစပါးပေါ်ချိန်တွင် တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးနိုင်ရေး ဆောင်ရွက်ရန်၊ စပါးစိုက်တောင်သူများအား ကူညီပေးရန်၊ မြို့နယ်အလိုက်ဆန်စက်ပိုင်များ ၊ ဆန်စပါးကုမ္ပဏီများမှ မိုးစပါးရာသီ ထွက်ပေါ်လာမည့် စပါးများကို ဝယ်ယူပေးရန်၊ ဝယ်ယူရေးလုပ်ငန်းများကို အချိန်မဆိုင်ငံ့ဘဲ စီစဥ်ဆောင်ရွက်ပေးရန် စသည်တို့ကို မှာကြားပေးခဲ့ပါသည်။
DOCA(ပဲခူး)