Main menu

 “ သန်လျင်မြို့နယ်ရှိ City Mart Supermarket အတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးရန်အလို့ဌာ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်မြို့နယ်)ရှိ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ မြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးက City Mart Supermarket မှ မန်နေဂျာနှင့် တွေ့ဆုံကာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ပါ ကြောင်း ပြောကြားပြီး အလှကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ မန်နေဂျာအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရ၌ မဖြစ်မနေဖော်ပြရမည့်အချက် (၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)