Main menu

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေး အတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဈေးတာဝန်ခံ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ် နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းအဖွဲ့ဖြင့် မြို့မဈေးအတွင်း အခြေခံစား သောက်ကုန်များရောင်းချသော ဒေါ်မြသီတာကျော် ကုန်စုံဆိုင်၊ ဒေါ်ရီရီသန်း ကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံဆိုင်၊ ဒေါ်ထက်ထက်ရှိုင်း ကုန်စုံဆိုင်များမှ စားအုန်းဆီ (၁)ပိဿာလျှင် (၇၀၃၅)၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သွန်နီ ဆိုဒ်စုံ (၁)ပိဿာလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၆၀၀၀မှ ၁၀၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် (၁)ပိဿာလျှင် (၁၃၀၀၀မှ ၁၄၀၀၀)ကျပ်ထိ၊ မန်းကျီးသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အိုင်အို ဒင်းဆား တစ်ထုပ်လျှင် (၈၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ သကြား(၁)ပိဿာလျှင် (၅၅၀၀မှ၆၀၀၀)ကျပ်ထိ အာလူးတစ်ပိဿာလျှင် (၆၀၀၀မှ ၇၀၀၀)ကျပ် ထိ အသီးသီးအရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

      ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီဈေးနှုန်းမှာ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း ပြောင်းလဲ မှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရသည်။ အာလူးဈေးနှုန်းများ ရောင်းအားကောင်း၍ အဝယ် လိုက်လာခြင်းကြောင့် ရန်ကုန်ဝယ်ယူသွင်းသည့် ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ဖြေကြားချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)