
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်များကို ဝယ်ရင်း ဈေး ထက်အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာအဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)