Main menu

“ အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင်သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိ ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

Powered by Drupal

                   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်တို့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့ တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မ ဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန် ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ဓာတ်မတည့် ကြောင်း ဖော်ပြချက်များအား ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော် ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူပြီး ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိ ရှိရပါသည်။

DOCA(ရန်ကုန်)