Main menu

တိုင်းရင်းဆေးနှင့် အလှကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာဈေးကြီးအတွင်းရှိ တိုင်းရင်ဆေးအရောင်းဆိုင် များနှင့် အလှကုန်ရောင်းချသည့် အရောင်းဆိုင်များအား ၁၆-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီ ခွဲ အချိန်က မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင်  ညောင်တုန်းမြို့နယ်တိုင်းရင်းဆေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်ချိုမီဇင် နှင့်ဝန်ထမ်းများတို့က   တိုင်းရင်းဆေး အ‌ရောင်းဆိုင် များ၌ မှတ်ပုံတင်ခြင်း မပြုရသေးသည့်ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများနှင့် ရောင်းချရန် တားမြစ်ထားသည့် ကုန်စည်များရောင်းချမှု ရှိမရှိ၊အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေ ‌‌သည့် ပစ္စည်းများ၌ သတ်မှတ်ကုန်အညွှန်း အမှတ်အသားများပါရှိမှုရှိ/မရှိ ၊ သက်တမ်းလွန် ပစ္စည်းများ ဆိုင်တင်ရောင်းချ နေမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား တားမြစ်ကုန် ပစ္စည်း/ဆေးဝါးများ၊ သက်တန်းလွန်ပစ္စည်း/ ဆေးဝါးများ၊ မှတ်ပုံတင်ခြင်း မပြုရသေးသည့် ဆေးဝါးများ ရောင်းချခြင်းမပြုရန်  ကုန်စည်၏ အရည်အသွးကို စမ်းသပ်ရန်လိုအပ်ပါက ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်စစ်ဆေးခြင်းကို လုပ်ဆောင်ခွင့် ပြုရန်ကို အသိပညာပေးပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသော ကုန်စည်များရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား  အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)