Main menu

သံပုရာသီး အထွက်များ၍ ဈေးနှုန်း သက်သာလျက်ရှိ

Powered by Drupal

      မအူပင်မြို့နယ်များအတွင်း သံပုရာပင်စိုက်ပျိုးသူများ ရှိ၍ သုံးရာသီလုံး သံပုရာ ထွက်ရှိနေ၍ စက်တင်ဘာလ တတိပါတ်အတွင်း သံပုရာသီးဈေးကျဆင်းလျက်ရှိသည်။

    မအူပင်ဈေးကွက်တွင် သုံပုရာသီ ၁လုံး ၁၀၀ကျပ်ဖြင့် ရောင်းချနေပြီး၊ ဗမာသံပုရာ စစ်စစ် ၁လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချနေကြသည်။ မအူပင်မြို့နယ်တွင် သံပုရာသီးထွက်ရှိမှု နည်းသော ကာလများတွင် ဈေးကောင်းလျက်ရှိပြီး ၁လုံး ၅၀၀ကျပ်အထိ ရောင်းချရခြင်းများလည်းရှိသည်။

   မအူပင်ဈေးကွက်အတွင်း တစ်နေ့လျှင် သံပုရာသီး အလုံးရေ ၅၀၀၀နီးပါး နေ့စဉ် မအူပင်ကုန်စိမ်းသည်ထံ လာရောက်ပေးပို့ကြောင်း၊ သံပုရာသီးဈေးကျနေ၍ ဝယ်ယူသူများပြားပြီး၊ စားသောက်ဆိုင်များမှ အချိုရည်အဖြစ်ရောင်းချရန် ဝယ်အားများကြောင်း သိရသည်။

     သံပုရာသီးကို ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး တွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးဖြစ်သည်။ သံပုရာသီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာဖြစ်ပါသည်။

DOCA(ဧရာဝတီ)