Main menu

ပုံမှန်ဝင်ရောက်မှုရှိနေတဲ့ ပြည်ချင်းနှင့် ပြည်မန်ကျည်းမှည့် ဈေးအနည်းငယ်တက်လျှက်ရှိ

Powered by Drupal

     ပြည်ပွဲရုံများနှင့် ချင်းရောင်းဝယ်ရေးပွဲရုံများသို့ ချင်းဝင်ရောက်မှုမှာ ပုံမှန်ပြန်လည် ဝင်ရောက် မှုရှိနေသည်။ အရောင်းအဝယ်အနည်းငယ်အေးနေပြီး၊ ဒါးလှီးချင်းဖတ်သမားနှင့် လက်လီသမား တို့သာ အဝယ်ရှိနေကြောင်း သိရှိရပါသည်။   ချင်းဈေးမှာ ယခင်အပတ်ဈေးထက် ၂၀၀ကျပ်ဈေးမြင့် လျက်ရှိပါသည်။  ယခုအပတ်(ပွဲရုံ) ချင်းတက် တစ်ပိဿာဈေးနှုန်းများမှာ  ပွဲရုံဈေး ၁၅၀၀-၁၇၀၀ ကျပ်အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၃၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။

      ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် ဒေသထွက်မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ပဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်းမှည့်ကို ဒေသတွင်း လက်လီအရောင်းသမားများသာ အဝယ်ရှိနေပါသည်။ ယခု စက်တင်ဘာ တတိယပတ်တွင် မန်ကျည်းမှည့် တစ်ပိဿာကို ၂၀၀ကျပ်ခန့် ဈေးနှုန်းမြင့် တက်လာ ပါသည်။ မန်ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၂၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၄၈၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)