Main menu

အင်ဒိုနီးရှားအတွက် iPhone 17 တင်သွင်းမှုကိုခွင့်ပြုရန်အဆင်သင့်ဖြစ်နေသည့် အင်ဒိုနီးရှား

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ဝန်ကြီးဌာနသည် Apple ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သည့် iPhone 17 ကို သွင်းကုန်ခွင့်ပြုချက်ချပေးရန် အဆင်သင့်ဖြစ်နေကြောင်း ကြေညာခဲ့ပါသည်။ Santoso ၏ အဆိုအရ ဝန်ကြီးဌာနသည် အကယ်၍ Apple က လိုအပ်ချက်အားလုံးကိုဖြည့်စည်းပေးပါက ချက်ချင်းခွင့်ပြုပေးမည်ဟု သိရပါသည်။ Santoso က အခြေခံအားဖြင့် အကယ်၍ ၎င်းတို့ကလုပ်ငန်းစဉ်များကို လိုက်နာပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ သွင်းကုန်ခွင့်ပြုချက်သည် Apple အတွက်သာမကပဲ တင်သွင်းသည့်ကုန်ပစ္စည်းများ အားလုံးအတွက် လိုအပ်ကြောင်းနှင့် သွင်းကုန်ပါမစ်ရယူခြင်းအတွက် လိုအပ်ချက်တစ်ခုသည် နည်းပညာနှင့် သက်ဆိုင်ရာဝန်ကြီးဌာနထံမှ ထောက်ခံချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစောပိုင်းကာလကစက်မှုဝန်ကြီးဌာနသည် iPhone 17 အနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ‌အောက်တိုဘာလ အစောပိုင်းမှစတင်၍ အင်ဒိုနီးရှားတွင် ရောင်းချနိုင်ကြောင်း ဖော်ပြခဲ့ပါ သည်။ စက်မှုဝန်ကြီးဌာန၏ ပြည်တွင်းထုတ်ကုန်များအသုံးပြုမှုမြှင့်တင်ခြင်းစင်တာ၏ အကြီး အကဲဖြစ်သူ Heru Kustanto က Apple သည် iPhone 17 အတွက် domestic compent level (TKDN) အသိအမှတ်ပြုလက်မှတ်ရယူရန် စာချုပ်စာတမ်းများ တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအသိအမှတ်ပြုလက်မှတ်ကို စက်တင်ဘာလ ၁၂ ရက်နေ့ညနေတွင် ထုတ်ပြန်ရန် စီစဉ်ထား ကြောင်း ပြောကြားခဲ့ပါသည်။ ထို TKDN အသိအမှတ်ပြုလက်မှတ်ရယူပြီးပါက Apple သည် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနထံမှ ဖြန့်ဖြူးရောင်းချရေးပါမစ်နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနထံမှ သွင်းကုန်ခွင့်ပြုချက် ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ Apple သည် အင်ဒိုနီးရှား တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ကတိကဝတ်ပြုထားကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ AirTag ဝယ်လိုအား၏ ၆၅ ရာခိုင်နှုန်းကို ဖြည့်စည်းပေးမည့် စက်ရုံကို Batam မြို့တွင် တည်ဆောက်မှုစတင်နေပြီဟု သိရပါသည်။ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသော ရင်းနှီး မြှုပ်နှံမှုသည် အလုပ်အကိုင် ၂၀၀၀ ကျော် ဖန်တီးပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် စီစဉ်ထားသည့် ထို Batam စက်ရုံကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ပြီးမြောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

DOCA(ရန်ကုန်)