Main menu

လောင်စာရှားပါးမှုကို လျှော့ပါးသက်သာစေရန်အမေရိကန်ထံမှ ရေနံ ကီလိုလီတာ ၁.၄ သန်းတင်သွင်းမည့် အင်ဒိုနီးရှား

Powered by Drupal

  အင်ဒိုနီးရှားနိုင်ငံစွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနသည် ပုဂ္ဂလိကကုမ္ပဏီ များက လည်ပတ်နေသည့် လောင်စာဆီဆိုင်များ၌ လောင်စာရှားပါးမှုကိုဖြေရှင်းရန်အတွက် အမေ ရိကန်ထံမှ ရေနံတင်သွင်းရန်စီစဉ်နေကြောင်း ကြေညာခဲ့ပါသည်။ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Yuliot Tanjung က ထိုတင်သွင်းမှုသည် အမေရိကန်နှင့် ကုန်သွယ်ရေးမျှချေကို ထိမ်းသိန်းရန် ၎င်းတို့၏ ကတိကဝတ်ပြုမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် Shell နှင့် bp အစရှိသည့် ပုဂ္ဂလိကကုမ္ပဏီများအပေါ်သက်ရောက်နေသည့် ရှားပါးမှုကိုဖြေရှင်းရန် မဟာဗျူဟာများနှင့် ပတ်သတ်၍ မေးခွန်းများအပေါ် စက်တင်ဘာလ ၁၂ ရက်နေ့က ဖြေကြားတုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Tanjung က အင်ဒိုနီးရှားသည် အမေရိကန်ကုမ္ပဏီများဖြစ်သည့် ExxonMobil နှင့် Chevron တို့ထံမှ ရေနံဝယ်ယူမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ အရင်းအမြစ်များ မည်သည့်နေရာက ရရှိသည်ဖြစ်စေ ကုန်သွယ်ရေးမျှချေရှိရန် ဝယ်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ခန့်မှန်း ချက်များအရ အင်ဒိုနီးရှားသည် ထပ်တိုးရေနံ ကီလိုလီတာ ၁.၄ သန်းလိုအပ်ကြောင်း သိရပါသည်။ ထိုကိန်းဂဏန်းသည် ပြည်သူများကလောင်စာသုံးစွဲမှုပမာဏကို အစိုးရ၏ထောက်ပံ့ဈေးနှုန်းဖြင့် လောင်စာကို သုံးစွဲရာမှာ ယခုအခါမထောက်ပံ့သောလောင်စာကို ပြောင်းလဲအသုံးပြုလာခြင်း အပေါ်အခြေခံကြောင်း သိရပါသည်။ Tanjung က ၎င်းတို့သည်နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina နှင့် ပုဂ္ဂလိကကုမ္ပဏီများအတွက် အချိုးအစားကိုဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် သွင်းကုန်ပါမစ်များ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနသည် Pertamina ပါဝင်သည့် ရေနံကုမ္ပဏီများအား ၎င်းတို့၏ လောင်စာတင်သွင်းရန်လိုအပ်ချက်များကို ၂၀၂၅ ခုနှစ်ကုန်ဆုံးသည်အထိ အသေးစိတ် အစီရင်ခံရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လမှစတင်၍ ပုဂ္ဂလိကရေနံဆိုင်များသည် လောင်စာ မလုံလောက်မှုနှင့် အချို့ဆိုင်များတွင် လုပ်ငန်းလည်ပတ်မှုရပ်တန့်ထားရခြင်းနှင့် ပတ်သတ်၍ တိုင်တန်းခဲ့ကြောင်း သိရပါသည်။ သို့သော်ဝန်ကြီးဌာနသည် ပုဂ္ဂလိက ရေနံကုမ္ပဏီများအား ထပ်တိုးသွင်းကုန်ခွဲတမ်းချပေးမည်မဟုတ်ပဲ Pertamina ထံမှ ရေနံကို တိုက်ရိုက်ဝယ်ယူရမည်ဟု သိရပါသည်။ ဝန်ကြီးဌာနသည် ပုဂ္ဂလိကရေနံကုမ္ပဏီများအား ၎င်းတို့လိုအပ်သည့်ပမာဏနှင့် အမျိုးအစားကို အသေးစိတ်အစီရင်ခံရန် ညွှန်ကြားထားကြောင်း သိရပါသည်။ ထိုအစီရင်ခံစာ များသည် Pertamina အား ဝယ်လိုအားကိုဖြည့်စည်းရန်အခြေခံ အဖြစ် ဆောင်ရွက်ပေးနိုင်မည်ဟု သိရပါသည်။

DOCA(ရန်ကုန်)