Main menu

ပြည်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက်ဈေးနှုန်းများ

Powered by Drupal

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပြည်ပသို့တင်ပို့သောပဲများဖြစ်သော   မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများမှာ အရောင်းအဝယ်အေးလျက်ရှိပြီး စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီး သီးနှံများမှာဖြင့်  အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၆၀၀၀-၆၆၅၀၀-၆၇၀၀၀-၆၇၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာတတိယပတ်တွင်  မတ်ပဲတစ်တင်းကို ၆၆၇၀၀-၆၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       စက်တင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၆၀၀၀ - ၆၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အဝယ်ရှိပါသည်။ စက်တင်ဘာတတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၆၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန် တင်ပို့မှုရှိပါသည်။

      စက်တင်ဘာဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၆၈၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ကုလားပဲဈေးပြန်ကျပြီး ကုလားပဲ (HL)တစ်တင်းကို အိတ် ၆၆၅၀၀/၆၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို အိတ် ၆၆၅၀၀-၆၇၀၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      စက်တင်ဘာဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၈၀၀၀၀-၈၂၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၅၀၀၀-၇၇၀၀၀ ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိ၍ တစ်ရက်ကို အိတ် ၃၀၀ ခန့်အဝယ်ရှိပါသည်။ စက်တင်ဘာလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၈၀၀၀၀-၈၂၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၅၀၀၀-၇၇၀၀၀ ကျပ်ဖြင့် ဈေးအေးနေပြီး မြို့တွင်းပဲကြော်သမားများ အဝယ်ရှိပါသည်။

       စက်တင်ဘာလ ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၃၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် စားတော်ပဲ ဈေးအေးနေပြီး ပဲတစ်တင်းကို ၁၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာလ ဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို ၄၃၀၀၀ ကျပ်ဖြင့် တစ်ရက်ကို ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)