ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ဈေးကွက်၌ ခရမ်းချဉ်သီးများ ဈေးကောင်းရနေကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်တွင် ကိုင်းခရမ်းချဉ်သီး ထွက်ပေါ် လာပြီဖြစ်သဖြင့် ဈေးကွက်တွင် ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ် သီးအမှည့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရွှေတောင်မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျှက်ရှိပါသည်။ ယခင်လတွင် ရွှေတောင်မြို့ဈေးကွက်များတွင် ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ သဖြင့် ယခုအချိန်တွင် စက်သုံးဆီဈေးများမြင့်တက်လာပြီး သယ်ယူ ပို့ဆောင်နှုန်းထားများ မြင့်တက်လာသဖြင့် ခရမ်းချဉ်သီးဈေးများ မြင့်တက်လာကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)