Main menu

ပြည်ကြက်သွန်နီဈေးငြိမ်

Powered by Drupal

      ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ ယခုအပတ်တွင် ဈေးဆက်လက်ငြိမ်နေခဲ့ပါသည်။ ဆိပ်ဖြူ၊ အောင်လံဘက်မှ ကြက်သွန်နီ (၂၅)ပိဿာ ဝင်အိတ် ၃၀၀ခန့် နေ့စဉ် အဝင်ရှိနေပါသည်။ ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ (ကြံခင်း) ဘက်တို့သို့ စီးဆင်း ရောင်းဝယ် မှုနှင့်အတူ ပြည်ဒေသတွင်း ဈေးကွက်ရောင်းဝယ်မှုအပါအဝင် ဝင်ရောက်မှု၏ ထက်ဝက်ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါသည်။ ဈေးနှုန်းများအနေနှင့် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၃၂၀၀/၃၃၀၀/၃၄၀၀ တို့ရှိပြီး လက်လီဈေးအသေးများတွင် ကြီး/လတ်/သေး ကျပ် ၃၅၀၀/ ၃၇၀၀-၃၈၀၀/၃၉၀၀-၄၀၀၀ နှုန်းတို့ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်ပြီး ရောင်းဝယ်လျှက် ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)