Main menu

အရောင်းသွက်နေသော  ပြည်နဂါးမောက်သီး

Powered by Drupal

     နဂါးမောက်သီးကို ပြည်မြို့နယ်အနှံအပြားတွင် စိုက်ပျိုးလျှက်ရှိရာ တွက်ခြေကိုက်ပြီး စီးပွားဖြစ်သလို ဆေးဘက်လည်းဝင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် နဂါးမောက်သီးကို စိုက်ပျိုးမှုထက် ဝယ်လိုအားများလာသောကြောင့် တဖြည်းဖြည်း တိုးချဲ့ စိုက်ပျိုး လာပြီဖြစ်ကြောင်း သိရပါသည်။ နဂါးမောက်သီးတွင် အတွင်းသားအနီနှင့် အဖြူ နှစ်မျိုးရှိရာ အနီသီးကိုပိုမိုစိုက်ပျိုးလာကြောင်း သိရပါသည်။ အနီသီး၏အရသာက အဖြူသီးထက် ပိုကောင်းပြီး ဈေးကလည်းပိုကြောင်း သိရပါသည်။ နဂါးမောက်သီးကို မိုးဦးကျလျှင်စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး တစ်နှစ်ကြာလျှင် အသီးစတင်သီးပါသည်။ မိုးအခြေအနေပေါ်မူတည်၍ အသီးအနေအထား ကွာခြားမှုရှိကြောင်း သိရပါသည်။ စိုက်ပျိုးသည့် နဂါးမောက်သီးအမျိုးအစားများမှာ ဗီယက်နန်မျိုးနှင့် ဂျပန်မျိုးဟူ၍ ရှိပြီး ဗီယက်နန်မျိုးကို အများအပြားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီး ဈေးနှုန်းများမှာ (အဖြူ)တစ်လုံးလျှင် (၆၀၀-၇၀၀)ကျပ်ရှိပြီး၊ (အနီ)တစ်လုံးလျှင် (၁၀၀၀-၁၂၀၀) ကျပ်ထိရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောနဂါးမောက်သီးများကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်မြို့သို့လည်းတင်ပို့ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့၊ နဝဒေးရပ်ကွက်တွင် ယခင်က နဂါးမောက်ခြံ (၄-၅)ခြံလောက်သာရှိခဲ့ရာမှ ယခုအခါ နဂါးမောက်ခြံ (၁၀၀)ကျော်လောက် တိုးချဲ့ စိုက်ပျိုးလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)