
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၄)ဦးတို့သည် (၁၇.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၄၀)နာရီချိန်တွင် စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၅၂)၊ ရွှေမြင့်မိုရ်ပတ်လမ်း၊ ရွှေလင်ပန်းဈေးရှိ ဦးကျော်ဇင်သင်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား နေ့စဉ် ရပ်ကွက်နေပြည်သူများသို့ နံနက်(၉)နာရီမှ (၄)နာရီအထိ ရောင်းချပေးပါကြောင်း၊ စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပြီး ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်း မရှိပါကြောင်းနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)