Main menu

ပြည်မြေပဲဆန်ဈေး အနည်းငယ်ကျဆင်းလာ

Powered by Drupal

    ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ မိုးမြေပဲစိုက်ဧကမှာ (၃၇၉၅၃)ဧက စိုက်ပျိုးပြီးဖြစ်ပြီး ယခုအချိန်ထိ (၁၀၉၅၂)ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၈.၄၉)တင်းထွက်ရှိသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ မိုးမြေပဲဆန်များကို ပြည်-အောင်လံ ကြားရှိကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက်မှ နေ့စဉ်အိတ် (၁၅၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန် (ရွေးဆန်)ကို မကွေးမြို့ရှိ အမေထွားဆီစက်ကအဝယ်ရှိသလို မြေပဲဆန်လုံးဆန်ကို မန္တလေးဝယ်လက်က မြဝတီ ပို့ရန် အဝယ်ရှိသဖြင့် ပြည်ဈေးကွက်တွင် မြေပဲဆန်ရောင်းဝယ်မှုမှာ နေ့စဉ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆီဆန်ကို ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန်အဝယ်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း ဝင်ရောက်မှုများသဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ယခုစက်တင်ဘာလ တတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန်တစ်ပိဿာလျှင် (၅၃၀၀)ကျပ်၊ ရွေးဆန် တစ်ပိဿာ လျှင် (၅၇၀၀)ကျပ် နှင့် လုံးဆန်တစ်ပိဿာလျှင် (၆၀၀၀-၆၁၀၀)ကျပ်ဖြင့် ယခင် စက်တင်ဘာ လဆန်းပိုင်းထက်စာလျှင် မြေပဲဆန်ဈေးများ ကျဆင်းလာသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)