Main menu

“ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ အားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အချိုရည်၊ မုန့်မျိုးစုံ၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချသောဆိုင်များတွင် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိအား စက်တင်ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်းရောင်းချသော ဦးတင်ဝင်း၊ ဦးရဲလှဝင်းတို့၏ အလှကုန်ပစ္စည်းဆိုင်များနှင့် လန်း ဆန်းစတိုးဆိုင်တို့တွင် ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်ပစ္စည်းများ၏ ယခင်ပတ်ဈေးနှုန်း များ ကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား စာရင်းကောက်ခံခဲ့ရာ ထိုင်းနိုင်ငံထုတ် အချို ရည်၊ ပဲနို့၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများမှာ ယူ၍မရရှိ ကြောင်းနှင့် အချိုကုန်ပစ္စည်းများသည် လူသုံးနည်း၍ ယခင်ကလည်း ဆိုင်တွင်ရောင်းချမှုမရှိ ကြောင်း၊ ယခုကုန်ပစ္စည်းများသည်လည်း ဆိုင်တွင်လက်ကျန်များသာ ရောင်းချလျှက်ရှိကြောင်း ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)