Main menu

တရုတ်နိုင်ငံတွင် EV ကားများ၏အားသွင်းအခြေခံအဆောက်အအုံများ ဆက်လက်တိုးချဲ့

Powered by Drupal

      တရုတ်နိုင်ငံတွင် EV ကားများအားသွင်းအခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့ တည်ဆောက်နေပြီး စုစုပေါင်းအဆောင်အအုံအရေအတွက်သည် သြဂုတ်လကုန်တွင် ၁၇.၃၅ သန်းခန့် တည်ဆောက်ပြီးဖြစ်ပါသည်။ ယခက်နှစ်ကထက် ၅၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်တင် ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရသိရပါသည်။

     အများပြည်သူသုံး EV ကား အားသွင်းစက်များသည် ၄.၃၂ ရာခိုင်နှုန်ခန့်ရှိပြီး၊ ယခင်နှစ်က ထက် ၃၇.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ၎င်းတို့၏ စုစုပေါင်း စွမ်းအင်မှာ ကီလိုဝပ် ၁၉၆ သန်း ရှိကြောင်း သိရှိရပါသည်။

    ပုဂ္ဂလိက အားသွင်းစက်များသည် အလျင်အမြန်တိုးလာခဲ့ပြီး ယခင်နှစ်ကထက် ၅၉.၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၁၃.၀၃ သန်းသို့ရောက်ရှိခဲ့ပါသည်။ အားသွင်းအခြေခံအဆောက်အအုံ များတိုး လာ ခြင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ယာဉ် (NEV) စျေးကွက်တိုးတက်လာခြင်းနှင့် ကိုက်ညီစေ ပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ NEV ရောင်းချမှုနှင့် ထုတ်လုပ်မှုသည် နှစ်ဆတိုးလာခဲ့ပါ သည်။

    ထိုကာလအတွင်း NEV ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၃၇.၃ ရာခိုင်နှုန်း တိုးတက်ကာ ၉.၆၃ သန်းခန့်ရောက်ရှိခဲ့ပြီး ရောင်းချမှုသည် ၃၆.၇ ရာခိုင်နှုန်း တိုးတက်ကာ ၉.၆၂ သန်းခန့်ရောင်းချ ခဲ့ရကြောင်း သိရှိရပါသည်။

Source : Xinhua                                                                              

 DOCA (ရန်ကုန်)