
စင်္ကာပူနိုင်ငံ၏ United Oversea Bank (UOB) သည် ဗီယက်နမ်၏ ပြည်တွင်းအသားတင် ထုတ်ကုန်(GDP) တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆.၉ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါသည်။
ဤတိုးမြင့်ခန့်မှန်းချက်သည် အကောက်ခွန်ဆိုင်ရာများနှင့် မသေချာမှုများကြားမှ ဗီယက်နမ်၏ စီးပွားရေးတည်ငြိမ်မှုနှင့် တိုးတက်မှုကို ထင်ဟပ်စေကြောင်း ဘဏ်ကပြောကြား ခဲ့ပါသည်။
အခွန်အခများ ဆက်လက်ရှိနေသော်လည်း UOB ဘဏ်ကဗီယက်နမ်၏ ပို့ကုန်များသည် ၂၀၂၄ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့်တိုးတက် မည်ဟု ခန့်မှန်းရပါသည်။
UOB ဘဏ်သည် ၂၀၂၆ ခုနှစ်အတွက် ဗီယက်နမ်၏ GDP တိုးတက်မှုခန့်မှန်းချက်ကို ၇ ရာခိုင် နှုန်းတွင်ဆက်လက်ထိန်းထားကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)