ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဈေးကွက်များတွင် အာလူးများကို ပြည်ခရိုင်၊ ပြည်မြို့ရှိ အာလူးပွဲရုံများမှတစ်ဆင့် ဝယ်ယူ၍ ပြန်လည်ရောင်းချလျှက် ရှိပါသည်။ အာလူးဈေးများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒေသတွင်းစားသုံးသူများနှင့် ကျေးလက်ဒေသများရှိ စားသုံးသူများက စားဖိုချောင်သုံး သီးနှံ တစ်မျိုးဖြစ်သော အာလူးကိုဝယ်ယူ၍ စားသုံးကြသဖြင့် ပေါင်းတည်မြို့ဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ အာလူးဈေးများမှာ ယခုတစ်ပတ်တွင် အကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၂၂၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၁၈၀၀)ကျပ် နှုန်းဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)