Main menu

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

     တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း များအား လစဉ် ကားများဖြင့် အကြို/အပို့ပြုလုပ်ပေး၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၂၂) ရက်နေ့မှ ( ၂၃ ) ရက်နေ့ထိ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း (သစ်) ဆန် ( ၁ )ပြည်လျှင် ( ၆၉၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ )ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် (၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွားများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)