Main menu

ရွှေ ဆီစက်သို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်ရှိ ရွှေဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေ အနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)