
ထန်းလျက်သည် ထန်းပင်များမှထုတ်လုပ်ရရှိသော သဘာဝအချိုတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ရှေးအစဉ်အလာကတည်းကထင်ရှားသော စားသောက်ကုန်တစ်မျိုးဖြစ်ကြောင်း၊ ထန်းပင်မှ ထန်းရည်ချိုကိုချက်ပြုတ်ခြင်းဖြင့် ထန်းလျက်ကိုရရှိ၍ ပုံစံအမျိုးမျိုး၊ အရည်အသွေးနှင့် အရောင် အမျိုးမျိုးထုတ်လုပ်ကြကြောင်းသိရှိရသည်။ ထန်းလျက်ပြုလုပ်ပုံမှ ထန်းပင်မှ ထန်းရည်များ ကို စနစ်တကျစုဆောင်းထားရှိပြီး ထိုထန်းရည်များကို မိုးဗြဲဒယ်တွင်ထည့်၍ ဆူပွက်သည်အထိ ကျိုချက်ရကြောင်း၊ အချိုဓာတ်ကိုထိန်းညှိရန်လိုအပ်ပါက သစ်ရွက်ခြောက် (သို့) စပါးခွံများ ထည့်ချက်လေ့ရှိကြောင်း၊ ချက်ပြုတ်ပြီးသောအရည်သည် အေး၍မာလာပါက လက်ဖြင့်ကိုင်နိုင်ရုံ အနေအထားတွင် အလုံးကလေးများလုံးပေးရကြောင်း ၎င်းနောက်အခြောက်ခံကာ ထန်းလျက်ခဲ များရရှိလာကြောင်းသိရှိရသည်။ ထန်းလျက်သည် သဘာဝသကြားဓာတ် (ဂလူးကို့စ်) ကြွယ်ဝပြီး ဗီတာမင်ဘီဝမ်း၊ဘီတူးနှင့်ဘီဆစ် သတ္တုဓာတ်များပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် ကိုယ်ခံအား ပြည့်ဝစေကြောင်းသိရှိရသည်။ အသုံးပြုမှုအနေဖြင့် မြန်မာမုန့်အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြု ကြောင်း၊ ဖျော်ရည်ပြုလုပ်ရာတွင် အသုံးပြုကြောင်း၊ မြန်မာ့ရိုးရာဓလေ့များတွင် ထန်းလျက် ကို လက်ဆောင်ပစ္စည်းပေးရာတွင် အသုံးပြုကြကြောင်း၊ ထန်းလျက်သည် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အစားအစာတစ်ခု အဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ဆီးချိုးရောဂါသည် များအနေဖြင့် ထန်းလျက်ကိုအလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်သောကြောင့် သတိ ထားစားသုံးသင့်ပါကြောင်း ဈေးကွက်တွင်ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ရောနှောထားသော ထန်းလျက်များရှိနိုင်သောကြောင့် သဘာဝထန်းလျက်များကိုရွေးချယ်စားသုံးသင့်ကြောင်း လေ့လာ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် ထန်းလျက်တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)